Monday, January 11, 2010

အက္ခရာအက်သံ

အက္ခရာအက်သံ

အစိမ်းချုပ်ထားတဲ့ရင်ဘတ်ကြီးနဲ့

ကုတင်ပေါ်မှာပက်လက်မျှောခဲ့ရတဲ့ညတွေသူသိပါစေတော့...

အမှည့်လွန်နှစ်ချို့နေတဲ့သစ်သီးတစ်လုံးကို

စားသုံးဖို့အားယူနေတာလည်းသူသိပါစေတော့.....
ခဏခဏမိုးပြိုကျသလိုကြားခဲ့ရတဲ့နားတစ်စုံကိုလည်း..
.သူသိပါစေတော့
စိတ်ကူးယဉ်ကျွန်းတစ်ဖက်ကို..လက်ပစ်ကူးဖို့
ကြိုးစားခဲ့တာလည်းသူသိပါစေတော့...
ဦးနောက်ထဲကဂျယ်လီရည်တွေ.ခမ်းခြောက်သွားအောင် ဖြစ်ခဲ့တာလည်း...
သူသိပါစေတော့...
နှစ်သိမ့်တေးနဲ့ယိမ်းခဲ့ရတဲ့..မနက်ဖြန်တွေလည်း...
သူသိပါစေတော့...
ဒါတောင်ယောင်လို့တောင်..အော်မိသေးတယ်
အချစ်ဆုံးရယ်တစ်သက်မမေ့ဘူးရယ်လို့....

ဦးဦးအညာမြေ..အနိုင်

No comments:

Post a Comment