Tuesday, July 6, 2010

Move to Labels More actions 1 of 4590 Older › gtalk ကိုဒီအတိုင်းသုံးမဲ့အစားလွယ်လွယ်ကူကူသုံးမယ

၁ ။ Typing နေရင်းနဲ့ Call ချင်ရင် F11
ကိုနှိပ်ပါ ။

၂ ။ Call ကိုပြန်ပိတ်ချင်ရင်တော့ F12 နော် ။

၃ ။ Typing နေရင်းနဲ့ Mail ၀င်လာလို့ စစ်ချင်ရင်တော့ F9 ဗျ ။

၎ ။ Typing မှာ စာသားတွေကို တစောင်းလေး ပေါ်ချင်ရင် စာကြောင်း အစနဲ့အဆုံးမှာ ( _
) ခံပေးပါ ။

၅ ။ CTRL + Mousewheel up/down ကို သုံးပြီး Chat Box ထဲက Font size ကိုပြောင်းနိုင်ပါတယ် ။

၆ ။ Window တွေကို minimize လုပ်ဖို့က Alt+Esc နော် ။ Esc ကတော့ ပြောနေရင်းနဲ့ Chat Box ကိုပိတ်တာလေ ။

၇ ။ Tab ကတော့ ပြောနေတဲ့ Chat Box ကိုတစ်လှည့်စီသုံးဖို့ပေါ့ ။

၈ ။ Alt+Tab ကတော့ ဖွင့်ထားတဲ့ Chat တွေ ၊ Firefox တွေနဲ့ တခြားဟာတွေကို
လှည့်နိုင်ပါတယ် ။ (Mouseမလိုအောင်နော်) ။

၉ ။ Ctrl+Tab ကတော့ Firefox ကို New Tab နဲ့ဖွင့်ထားရင် ပြောင်းလို့ရတယ်နော် ။

၁၀ ။ စာသားတွေကို bold တင်ချင်တယ်ဆိုရင် စာကြောင်းအစနဲ့အဆုံးမှာ ( * ) ခံပေးပါ။

၁၁ ။ Gtalk မှာ တစ်ခါရိုက်ရင် ရိုက်လို့ရတဲ့အရေအတွက်က 32767
လုံးပဲရိုက်လို့ရတယ်တဲ့ ။ ( စမ်းသပ်မကြည့်ဖူးဘူး ၊ )

၁၂ ။ Ctrl+c က copy ၊ Ctrl+v က paste နော် ။

၁၃ ။ Gtalk က notification area ထဲရောက်နေရင် windows key+Esc နဲ့ပြန်ခေါ်လိုက်လေ ။

၁၄ ။ ဂျီတော့ဖွင့်လို့မေးလ်ဘောက်လေးတက်လာရင် right click နဲ့ပိတ်လိုက် ။

၁၅ ။ Message အသစ်အတွက် အကြောင်းကြားတဲ့ window တွေကို Right Click နှိပ်ပြီး
ပိတ်လို့ရတယ် ။

၁၆။windowနဲ့mနဲ့က firefoxကိုminimizeလုပ်ထားလို့ရပ်ါတယ်။ပြန်ဖွင်ချင်ရင်တော့window
shiftကိုဖိပြီး m ကိုနိုပ်ပါ။

Wednesday, May 26, 2010

ဖတ်ပါမှတ်ပါလေ့လာပါ

(၁) တကယ်လို့ ကိုယ့်ကိုအဖော်ပြုပေးသူမရှိတဲ့
အခါ တစ်ယောက်တည်း
သီချင်းနားထောင်ပါ၊ စာဖတ်ပါ၊ စာရေးပါ။ ဒါဟာ ကောင်းတဲ့အကျင့်ဖြစ်တယ်။

(၂) တကယ်လို့ တစ်ယောက်တည်း အထီးကျန်ဝမ်းနည်းတဲ့အခါ ထောင့်တစ်နေရာမှာ
ဒါမှမဟုတ် စောင်ခေါင်းမြီးခြုံပြီး ငိုလိုက်ပါ။ တခြားလူရဲ့နှစ်သိမ့်မှုတွေ
မလိုပါဘူး။ ငိုပြီးတာနဲ့ စိတ်တွေလန်းဆန်းလာလိမ့်မယ်။

(၃) စိတ်ထိခိုက်တဲ့အခါ ယုံကြည်ရတဲ့သူငယ်ချင်းကို ရင်ဖွင့်ပါ။
တစ်ယောက်တည်း စိတ်ညစ်စရာတွေကို ရင်ထဲသိုဝှက်ထားရင် ကိုယ့်ကိုယ်ပိုပြီး
စိတ်ထိခိုက်စေတယ်။

(၄) မပျော်ရွှင်တဲ့အချိန်မှာ ကောင်းကင်ပြာကို မော်ကြည့်ပါ။ ကြယ်တွေကို
ရေတွက်ပါ။ အပြောကျယ်တဲ့ကောင်းကင်မှာ ကိုယ်နဲ့သက်ဆိုင်တဲ့
အချစ်တစ်ခုတော့ရှိလိမ့်မယ်။ "ငါ မဆိုးဘူး" ဆိုပြီး ကိုယ့်ကိုယ်
ယုံကြည်မှုတစ်ခုတော့ပေးပါ။

(၅) မိသားစုအပါအဝင် ကိုယ်နှစ်သက်တဲ့သူရဲ့ မွေးနေ့ကိုမှတ်ထားပါ။
ကိုယ့်မွေးနေ့ကိုလည်း မှတ်ထားပါ။ မွေးနေ့မှာ လက်ဆောင်ပေးသူမရှိရင်
ဝမ်းမနည်းပါနဲ့။ လှပတဲ့လက်ဆောင်တွေဝယ်ပြီး အဖေ၊ အမေကို ပေးနိုင်ပါတယ်။

(၆) အားလပ်ချိန်မှာ ငြိမ့်ညောင်းတဲ့ သီချင်းလေးတွေ နားထောင်ပါ၊
စာကောင်းလေးတွေရှာဖတ်ပါ။ ခဏတာ အိပ်စက်ပါ။

(၇) အခုချိန်ကစပြီး ထက်မြက်သူဖြစ်ပါစေ။ ငါ့ကိုလွမ်းလား? ချစ်လားလို့
တစ်ဘက်သားကို သွားမမေ့ပါနဲ့။ တကယ်လို့ သူလွမ်းရင်၊ သူချစ်ရင်
သူဘာသာသူပြောလိမ့်မယ်။ ကိုယ်သွားမေးနေရင် သူဘဝင်မြင့်သွားလိမ့်မယ်။

(၈) ကိစ္စတချို့၊ လူတချို့ကြောင့် ကိုယ့်ကိုယ် သိပ်မရက်စက်မိစေနဲ့။ ဥပမာ-
ထမင်းမစားတာ၊ ငိုတာ၊ အခန်းအောင်းတာ၊ စိတ်အနှောင့်အယှက်ဖြစ်တာ... ဒါတွေက
လူနုံ့လူအတွေ လုပ်တဲ့အလုပ်ဖြစ်တယ်။ တစ်ခါတလေမှာ နုံ့အတာပဲ ကောင်းပါတယ်။

(၉) ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် သူတစ်ပါးနောက်ကွယ်မှာ
သူ့မကောင်းကြောင်း မပြောပါနဲ့။ ပြောခဲ့ရင်လည်း ကောင်းကြောင်းပဲပြောပါ။
မိတ်ဆွေတစ်ဦးပိုတာက ရန်သူတစ်ယောက်တိုးတာထက် ပိုကောင်းပါတယ်။

(၁ဝ) တစ်ခါတလေမှာ ကားပိုင်းဆက်တွေ ကြည့်လို့ရတယ်။ ဒါပေမယ့်
မှိန်းမသွားရဘူး။ တစ်ခါတလေမှာ ဆံပင်တွေ ရှုပ်ပွကြည့်လို့ရတယ်။ ဒါပေမယ့်
အချိန်အခါနဲ့ ကိုက်ညီရမယ်။ တစ်ခါတလေမှာ ညစ်ညစ်ပတ်ပတ်တွေ ဆဲကြည့်လို့ရတယ်။
ဒါပေမယ့် ကိုယ့်တစ်ယောက်တည်းရှိချိန် ဒါမှမဟုတ်
အရင်းဆုံးသူငယ်ချင်းရှေ့ဖြစ်ရမယ်။ ဆဲပြီးတာနဲ့
ကိုယ့်ကိုစိတ်ညစ်စေတဲ့အရာတွေ မေ့ပစ်နိုင်ရမယ်။

(၁၁) အတတ်နိုင်ဆုံး လူတွေနဲ့မငြင်းခုန်မိအောင် ကြိုးစားပါ။
ဒေါသထွက်နေသူတစ်ယောက်က ကိုယ့်ခံစားချက်ကိုမထိန်းနိုင်တဲ့
အရူးတစ်ယောက်နဲ့တူပြီး အရမ်းကြောက်ဖို့ကောင်းပါတယ်။ သည်းခံပြီး
ပြဿနာရင်းမြစ်ကိုရှာပါ။ စိတ်တွေတည်ငြိမ်ချိန်မှ ဖြေရှင်းပါ။

ချစ်ဖို့မလောနဲ့ အချိန်ပေးပါ

ချစ်သူရည်းစားဖြစ်ပြီးတဲ့လူနှစ်ဦးက ကိုယ်ဟာသူ့ရင်ထဲကချစ်သူ
ဟုတ်မဟုတ်ဆိုတာကိုသိဖို့ အချိန်တအောင့်လောက် လိုအပ်တယ်။
အဲဒီအချိန်တအောင့်က နှစ်ချီကြာနိုင်သလို တချို့က တစ်သက်၊ တစ်ဘဝအချိန်ကို
အသုံးပြုပြီးမှ တစ်ဘက်သားကို နားလည်ကြရတယ်။

အကြံ(၁)

pheromone နည်းနည်းလျော့ပါ အသိဉာဏ်များများပိုပါ

ချစ်နေချိန်မှာ မျက်စိနဲ့ သေချာလေ့လာရတဲ့အပြင် ရုပ်ပိုင်းဆိုင်ရာကိုလည်း
ကိုက်ညှိကြည့်ဖို့ လိုအပ်တယ်။ ချစ်စမှာ လူတွေက မျက်ကန်းဆန်ပြီး
တစ်ဘက်သားကို အကောင်းပဲမြင်တတ်ကြတယ်။ ဒါတွေက ချစ်နေချိန်မှာ
လူ့ခန္ဓာကထွက်တဲ့ pheromoneကြောင့် မျက်ကန်းဆန်စေတာဖြစ်တယ်။ pheromone
ကြောင့် ချစ်နေချိန်မှာ တစ်ဘက်သားရဲ့အလှ၊ အကောင်းကိုပဲမြင်ခဲ့တယ်။
ဒါကြောင့် "အချစ်မှာမျက်စိမရှိ"ဆိုတဲ့ စကားပေါ်လာခဲ့တာဖြစ်တယ်။

ချစ်သူဖြစ်ပြီး သက်တမ်းအနည်းငယ်အကြာမှာ pheromoneက ပုံမှန်အနေအထားကို
ပြန်ရောက်သွားတယ်။ ဒီလိုအနေအထားဖြစ်ဖို့ နှစ်ဝက်ကျော်လောက် ကြာတတ်တယ်။
အဲဒီအချိန်ကျရင် တစ်ဘက်သားကို ကိုယ်တစ်ကယ်ချစ်မချစ်၊
သင့်မသင့်တော်ဆိုတာကို လေ့လာဆန်းစစ်နိုင်တယ်။ ဒါပေမယ့် တချို့ချစ်သူတွေက
နှစ်ဝက်တောင်မခံဘဲ pheromone လျော့နည်းချိန်မှာ လမ်းခွဲကြရတယ်။ ဒါကြောင့်
အချစ်မှာ ချစ်ဖို့ သံစဉ်တွေလိုအပ်တယ်။ ချစ်စမှာ ဖြေးဖြေးချင်းနဲ့
ချစ်သံစဉ်တွေ အဆုံးထိ တီးခတ်သီဆိုနိုင်ဖို့ လိုအပ်တယ်။ ဒါမှမဟုတ်ရင်
လှပတဲ့သီချင်းတစ်ပုဒ်က သံစဉ်ကြောင့်ပျက်သွားနိုင်တယ်။

အကြံ (၂)

သူနဲ့မတူချင်ရင် သူ့ကိုမချစ်ပါနဲ့

ချစ်နေချိန်မှာ အချင်းချင်း တူညီသက်ရောက်နိုင်ဖို့ တစ်ဘက်သားကအရေးပါတယ်။
တစ်ဘက်သားရဲ့ အပြောအဆို၊ နှစ်သက်တဲ့အစားအသောက်တွေကို မသိမသာနဲ့
ကိုယ်သင်ယူမိတတ်တယ်။ နောက်ဆုံးမှာ ရုပ်ပါဖြေးဖြေးဆင်လာတာကို တွေ့ရတယ်။
ဒါကြောင့် အခုချိန်မှာ ကိုယ်ဟာ "ကိုယ်နဲ့မတူချင်တဲ့ လူတစ်ယောက်"နဲ့
ချစ်သူဖြစ်နေခဲ့ရင် ခဏလောက်တော့ ကိုယ့်ကိုယ်ဆန်းစစ်ကြည့်သင့်တယ်။ သူ့ကို
ကိုယ်တကယ်ချစ်သလား?

တစ်ကြိမ်မှာတော့ ဇီဇာကြောင်တဲ့လူတစ်ယောက်နဲ့ ကျွန်မချစ်သူဖြစ်ခဲ့ဖူးတယ်။
သူနဲ့ နိုင်ငံခြားအတူ သွားလည်တဲ့အခေါက် မိတ်ဆွေတစ်ဦးအိမ်မှာ
ကျွန်မတို့ထမင်းအတူစားခဲ့ကြတယ်။ ထမင်းစားပြီးနောက် သူကမျက်ရိပ်နဲ့
ကျွန်မကို ပန်းကန်ဆေးကူသင့်ကြောင်းပြတယ်။ မိတ်ဆွေအိမ်မှာ
ပန်းကန်ဆေးစက်ရှိပေမယ့် ကျွန်မရဲ့အကျင့်က
သူတစ်ပါးဂရုစိုက်စောင့်ကြည့်တာမျိုးကို နှစ်သက်တာကြောင့် သူ့စိတ်ကြိုက်
ပန်းကန်တွေအများကြီးဆေးခဲ့ဖူးတယ်။ ဒါနဲ့တင် သူကမကျေနပ်ခဲ့ဘူး။
အဲဒီခရီးမှာ ကျွန်မတို့ အကြိမ်ကြိမ်ငြင်းခုန်ခဲ့ကြရတယ်။ ခရီးတစ်လျှောက်
တင်းမာနေတဲ့ သူ့မျက်ရိပ်မျက်ကဲကိုပဲ ကျွန်မကြောက်ကြောက်ရွံ့ရွံ့
ကြည့်ခဲ့ရတယ်။ ကိုယ့်နိုင်ငံပြန်ရောက်တာနဲ့ သူ့ကိုဖြတ်ပစ်မယ်လို့
စိတ်ထဲမှာတိတ်တိတ်လေး ကျွန်မဆုံးဖြတ်လိုက်တယ်။
သူရဲ့ချစ်သူမဖြစ်ချင်တော့တဲ့အပြင် သူ့ကိုကျွန်မကြည့်လည်း
မကြည့်ချင်ခဲ့တော့ဘူး။

အဲဒီတစ်ခေါက်မှာ အချစ်ကို စိတ်အစွဲအလမ်းနဲ့ပဲ ချစ်လို့မရမှန်း
ကျွန်မသိလိုက်ရတယ်။ "ခရီးဝေးမှ မြင်းရဲ့ခံနိုင်အားကိုသိတယ်။
ပေါင်းသင်းတာကြာမှာ လူ့စိတ်ကိုသိတယ်" ဆိုသလိုမျိုး
သူ့စိတ်ကိုလုံးလုံးသိပြီး သူနဲ့မတူချင်ခဲ့ရင် စောစောစီးစီး
လမ်းခွဲလိုက်ကြတာပိုကောင်းတယ်။ တကယ်လို့ သူ့ရဲ့အလေ့အထကို သိပြီးသည့်တိုင်
သူ့ကိုဆက်ချစ်နေသေးတယ်ဆိုရင် သူဟာ ကိုယ်တကယ်ပေးဆပ်သင့်သူဖြစ်ခဲ့ပါတယ်။

အကြံ (၃)

အခက်အခဲကြုံချိန်မှ အချစ်ရဲ့ရုပ်ပုံစစ်ကို မြင်ရတယ်

အချစ်ခရီးလမ်းက နေရောင်ခြည်ပဲ ထွန်းတောက်နေမှာမဟုတ်ပါဘူး။ တစ်ခါတလေ
မတော်တဆတွေနဲ့လည်း ကြုံရတတ်တယ်။ ဒါဟာ အချစ်ကိုစမ်းသပ်တဲ့ အကောင်းဆုံး
အခွင့်အရေးဖြစ်တယ်။ မိသားစုဝင် တစ်ယောက်ယောက် ဆေးရုံတက်ရတယ် ဒါမှမဟုတ်
ကုမ္ပဏီက ရုတ်တရက် အရေးအကြောင်းရှိလာတယ် ဒီလိုမတော်တဆတွေက
အချစ်ကိုသက်ရောက်စေတတ်တယ်။ ဒီလိုအခက်အခဲကြုံချိန်
အမြဲတွေ့နေကြချစ်သူနှစ်ဦးက ခေတ္တခဏတော့ ခွဲကြရတယ်။ ဒီလိုအချိန်မှာ
ကိုယ့်ရဲ့လိုအပ်မှုကို ချစ်သူက ဘယ်လိုအကူအညီပေးသလဲ! အကြံပေးသလဲ! ဒါတွေက
ချစ်သူနှစ်ဦးရဲ့အနာဂတ်အတွက် အဆုံးအဖြတ်ပေးတတ်တယ်။

မတော်တဆဖြစ်ချိန် ကိုယ့်ကိစ္စကို သူ့ကိစ္စလိုသဘောထားပြီး
ကူညီဖြေရှင်းပေးတဲ့ချစ်သူ၊ ကိုယ့်လုံခြုံမှု၊ ကိုယ့်ပျော်ရွှင်မှုကို
ရှေ့တန်းတင်တတ်တဲ့ချစ်သူမျိုးကို ကျွန်မတို့က ယုံယုံကြည်ကြည်နဲ့
ချစ်သင့်ပါတယ်။ ချစ်ရတာလည်း တန်ပါတယ်။

တကယ်လို့ မတော်တဆဖြစ်ချိန် အလုပ်များတာကိုအကြောင်းပြပြီး
ကိုယ့်ကိုရှောင်ဖယ်တတ်တဲ့ချစ်သူ၊ အရာအားလုံးပြီးငြိမ်းမှ
"အဆင်ပြေလား?"ဆိုပြီး ကိုယ့်ဆီပြန်လာတတ်တဲ့ ချစ်သူမျိုးကိုတော့
ချစ်ရတာမထိုက်တန်ပါဘူး။

အကြံ (၄)

ပြောင်းလဲဖို့ အချိန်ပေးပါ

အချစ်ကိုစွန့်ခွါချိန် အလျှင်စလိုမလုပ်ဘဲ ပြောင်းလဲဖို့
သူ့ကိုအချိန်ပေးသင့်ပါတယ်။ အခုချိန် သူ့ဆီမှာ အားနည်းချက်တွေ
တပုံကြီးရှိတယ်ဆိုပေမယ့် ပြောင်းလဲပြုပြင်ဖို့ သူကိုယ်တိုင်
သင်ယူလိုစိတ်ရှိတယ်ဆိုရင် သူဟာ ကိုယ့်အတွက်အဖော်ကောင်းတစ်ယောက်
ဖြစ်နိုင်ပါတယ်။ ကျွန်မအဖေလိုမျိုး နုရွယ်စဉ်မှာ ဗွေရှုပ်ခဲ့တယ်။
အသက်ကြီးလာတော့ အိမ်အတွက်၊ မိသားစုအတွက် တစ်လျှောက်လုံး
ပေးဆပ်လာခဲ့တဲ့အမေကိုကြည့်ပြီး သူလည်းပြောင်းလဲလာခဲ့တယ်။
အမေကိုပြန်ပေးဆပ်တတ်ဖို့ သူသင်ယူခဲ့တယ်။ ဘဝတစ်လျှောက်မှာ သားသမီး၊
လင်ယောက်ျားအတွက် အရာရာကို ပေးဆပ်စတေးခံခဲ့တဲ့အမေက နောက်ဆုံးမှ
ကိုယ့်ကိုဂရုစိုက်တတ်တဲ့ လင်ကောင်းတစ်ယောက်ကိုရခဲ့တယ်။
သူ့ဘဝနောက်ဆုံးအချိန်အတွက် အဖော်ကောင်းဖြစ်ခဲ့တယ်။ အဖေ့အပေါ်ထားတဲ့
အမေရဲ့အချစ်က အမြစ်တွယ်ခိုင်မြဲခဲ့တယ်။ ငြင်းခုန်မှုတွေ
မပြတ်ရှိခဲ့တယ်ဆိုပေမယ့် အမေမတုန်လှုပ်ခဲ့ဘူး။ အမေအတွက်
တဘက်သားရဲ့အချစ်ကို နားလည်ဖို့ သူ့တစ်သက်အချိန်ယူခဲ့ရတယ

မိဘကျေးဇူးဆပ်နိုင်ပါစေ

ချစ်တဲ့ညီလေး.................ဘာတွေများတွေး
ရေမြေခြားတစ်ခေါက်...........မင်းရောက်လာခဲ့
သောက်စားပျော်ပါး...............အဖော်များနဲ့
သုံးလိုက်ဖြုန်းလိုက်.............မင်းသိပ်မိုက်နေပြီးညီလေး......
တစ်ကယ်ဆိုရင်................စီးပွားဥစ္ဏာသိပညာနဲ့
ကုသိုလ်မကြွယ်...............သတိမလွယ်လို့
နေ့တွေကုန်ခဲ့..................ပြန်ရေတွက်ပါ
မိစွန့်ဖကွဲ......................ဘာအတွက်လဲတောင်
ဆင်ခြင်သုံးသတ်............မင်းမဆုံးမတတ်ရင်
မင်းဘဝနွံနစ်................ကျွှန်ဖြစ်တာပဲအဖတ်တင်မှာပေါ့
ဟိုျးေမွးရပ်မြေ.............တို့မြန်ပြည်က
မွေးလှမိခင်...............ကျေးဇူးဆပ်ဖို့
ဆင်ခြင်သုံးသတ်.........မင်းဆုံးဖြတ်တော့
စီးပွားဥစ္ဏာ................ကြိုးစားရှလော့
ငါးဖြာနန္ဓ.............. မိနဲ့ဖကို
သောက်စားမဖတ်..........ဂုဏ်နှင့်ဆက်ပါ
သားလှလိမ်မာ..............ဂုဏ်အင်္ဂါဖြင့်
မိ ဘကျေးဇူး.....ဆပ်သူတစ်ဦး....ဖြစ်ပါစေ...။။။။။။။။

Tuesday, May 18, 2010

Galk မှာ ကိုယ့်ကို ဘယ်သူတွေ block လုပ်ထားသလဲ... စမ်းသပ်နည်း

.Gtalk မှာ ကိုယ် မ chat
ချင်တဲ့/မကျေနပ်တဲ့ သူကို block လုပ်လို့ရတယ်ဆိုတာ အားလုံးသိပြီးသား
ဖြစ်မှာပါ။
ကိုယ် block လုပ်ချင်တဲ့သူရဲ့ ID ပေါ်မှာ right-click လုပ်ပြီး block ကို
ရွေးလိုက်ရုံပါပဲ။
ကိုယ့်ဘက်မှာ အဲဒီID ပျောက်သွားပြီး၊ သူ့ဘက်မှာတော့ ကိုယ်က offline
ဖြစ်နေမှာပါ။
(သူများကိုသာ block လုပ်ချင်တာ...ကိုယ့်ကို block လုပ်တာကိုတော့
သိပ်ကျေနပ်တာမဟုတ်ဘူး။
ဟုတ်တယ်မဟုတ်လား..။ )
အဲဒီတော့ ကိုယ့်ကို block လုပ်ထား/မထားကို စစ်ကြည့်လို့ရပါတယ်။
ပထမဆုံး ကိုယ်သိချင်တဲ့သူကို ရွေးပါ..ပြီး.. 'Send voicemail' button
ကိုနှိပ်ပြီး call လုပ်လိုက်ပါ။
(သူ့ကို offline အနေနဲ့ပဲမြင်ရမှာမို့ အဲဒီအချိန်မှာ 'Send voicemail'
button
ပဲပေါ်နေမှာပါ။)
မိန်းကလေးသံနဲ့ 'The person you are trying to reach is unavailable.
Please leave a message...' ဆိုတဲ့ အသံမျိုး ကြားရရင်တော့
ကိုယ့်ကို block လုပ်မထားပါဘူး။
တကယ့်ကို offline ဖြစ်နေတာပါ။
အဲလိုမဟုတ်ပဲ ခေါ်လိုက်တာနဲ့ကျ ကျသွားတယ်၊
ဘာသံမှလည်းမကြားရဘူးဆိုရင်တော့...
စိတ်မကောင်းပါဘူး...သင့်ကို block လုပ်ထားတာပါ...
ကဲ...ကိုယ့်ကို ဘယ်သူတွေ block လုပ်ထားသလဲသိချင်ရင်
စမ်းကြည့်လိုက်ပါလား...။
သိလာပါလိမ့်မယ်....။

ကိုယ့် Gmail ကို သူများဝင်သုံးနေလားဆိုပြီး စစ်ရန်..

.ကိုယ့် Gmail ကို သူများဝင်သုံးနေလားဆိုပြီး အရင်က
သံသယရှိသူ၊ စစ်ချင်သူများ ...
Google မှ Gmail တွင် ၀င်ရောက်အသုံးပြုသွားသူ၏ IP Address အားဖေါ်ပြပေးထားပါပြီ။
Gmail ၏ ပထမစာမျက်နှာ အောက်ဆုံးနားသို့ သတိထားကာသွားကြည့်လျှင် ..





ယခုကဲ့သို့ This account is open in 1 other location {IP နံပါတ် ????} Last account activity 5 Hours ago. ဆိုပြီး
စာသားလေးမြင်ရလိမ့်မည်။ ပြည့်ပြည့်စုံစုံ ကြည့်ချင်ပါက ဘေးနားရှိ Detail
ဆိုသော လင့်ကလေးနှိပ်ပါက ..
ယခုကဲ့သို့ IP Address များကို မြင်ရမည်ဖြစ်ပြီး ကိုယ့်အကောင့်ကို သူများ သုံးခဲ့ဘူးသလား၊ ဘယ်နေရာကလဲ
စသဖြင့် သိနိုင်ပါပြီ။
အကယ်လို့များ တိုက်တိုက်ဆိုင်ဆိုင် ကိုယ်ကြည့်နေတုန်းမှာ တဘက်မှာလဲ ကိုယ်မသိအောင် ၀င်သုံးနေပါက Concurrent
Session Information တွင် IP များ တစ်ခုထက်ပိုတွေ့နေရမည်ဖြစ်ပြီး
သူတို့ကိုပါ Logout လုပ်ပြစ်ချင်ပါက အောက်နားရှိ Sign Out all other
sessions ခလုပ်ကလေးနှိပ်ပါက ရှိသမျှ တပြိုင်နက်သုံးနေသော ယူဆာများကို
Logout လုပ်နိုင်ပါတယ်၊ ပြီးလျှင်တော့ ကိုယ်က Password
ပြောင်းလိုက်ပေတော့....သူငယ်ချင်းတို့ .... :)
ဒါ ပေ မဲ့  ......
password ပြောင်းလိုက်ပြီးမှ Signout တာပိုကောင်းမယ်ထင်ပါတယ်
အကယ်လို.ကိုယ်ကsignout all other sessions လုပ်လိုက်ရင်တောင်မှ သူတို.က
ချက်ချင်းပြန်ဝင်သုံးတာတို. ပြန်ဝင်သုံးပြီးpassword change တာ
တို.လုပ်လိုက်ရင် ....မ ကောင်း ပါ ဘူး ..။
ပြောချင်တာက တစ်ဖက်hacker ဆီမှာရောကိုယ်.ဆီမှာပါ signout
တပြိင်တည်းဖြစ်သွားမယ် နောက်ကိုယ်ကချက်ချင်းပြန်ဝင်ပြီး password
ပြောင်းတဲ.အချိန်မှာ သူကလဲနည်းတူလိုက်လုပ်ရင် ။။
Googleserver မှာပြိုင်ဆိုင်မှူ.တစ်ခုဖြစ်ပြီပေါ.. သူ.စက်က Connection
ပိုလန်းနေရငိတော. ကိုယ်.
အကောင်.ကိုသူ.ကိုပေးလိုက်သလိုဖြစ်သွားပါလိမ်.မယ်။။။။
အဲ.လိုမဖြစ်အောင် PSword Change ပြီးမှ Signout all other session
လုပ်တာပိုကောင်းမယ်လို့  အ ကြံ ပြု ထား ပါ တယ် ..။
gtu site က ရ တာ ပါ ..။

Gtalk မှာ မိမိနာမည် မကျန်ခဲ့သေချင်ရင်

.ကျွန်တော်တို. Gtalk သုံးတဲ့အခါမှာတော်များများကတော့အင်တာနက်ဆိုင်မှာသုံးတာများ
ပါတယ်။အခုတင်ပြတဲ့နည်းကတော့အင်တာနက်ဆိုင်မှာမိမိရဲ.Gmail Addressတွေမကျန်
ခဲ့စေအောင်သုံးတဲ့နည်းလေးပါ။ဒီလိုပါ။မိမိGtalk မ၀င်ခင် မိမိရဲ.ရှေကဘယ်သူတွေ Gtalk
ဝင်သွားလဲ၊သူတို.ရဲ. Gmail Addressတွေကဘာနာမည်လဲဆိုတာသိချင်ကြပါလိမ့်မယ်။
နောက်တခုက မိမိ Gtalk ၀င်ခဲ့ရင်လဲမိမိ Gmail Address ကိုသူများမသိအောင်ဘယ်လို
ဖျက်မလဲဆိုတာတင်ပြပေးချင်ပါတယ်။သူများသိတော့ကို ကို invite လုပ်မှာပေါ့။အဒီတော့
စက်ထဲမှာ မိမိ Gmail Addressမကျန်ခဲ့စေရန်ရည်ရွယ်ရေးသွားပါတယ်။
စလုပ်လိုက်ရအောင်။

၁။ အရင်ဦးဆုံး Start ထဲက Run ကိုနှိပ်ပါ။
(သို.မဟုတ်)Window+R ကိုတွဲဖိပါ။

၂။ Run Box ကျလာပါက Regedit ကိုရိုက်ထည့်ပေးပါ။
Box ကျလာပါလိမ့်မည်။

၃။ ထို Boxထဲတွင် Folder ၅ခုတွေ.ပါလိမ့်မည်။
ထို Folder ၅ခုမှ ဒုတိယမြောက် HKEY_CURRENT_USER ဘေးရှိ + ကိုနှိပ်ပါ။
List ကျလာပါလိမ့်မည်။

၎။ Software ရှာပါ။တွေ.ပါကSoftware ဘေးရှိ +ကိုဆက်နှိပ်ပါ။
List ကျလာပါလိမ့်မည်။

၅။ Google ကိုရှာပါ။တွေ.ပါက Google ဘေးရှိ + ကိုဆက်နှိပ်ပါ။
List ကျလာပါလိမ့်မည်။

၆။ Google Talk ကိုရှာပါ။
တွေ.ပါက Google Talk ဘေးရှိ +ကိုနှိပ်ပါ။
List ကျလာပါလိမ့်မည်။

၇။ Account နှိပ်ပါ။
Gmail Address များကိုတွေ.ရပါလိမ့်မည်။
အကယ်လို.မိမိ Gtalk ၀င်ခဲ့ တယ်ဆိုရင်တော့မိမိGmail Addressနာမည်
ပေါ်နေပါလိမ့်မည်။
ဖျက်လိုပါက မိမိနာမည် ပေါ်တွင် Right ကလစ်နှိပ်၊Delete ကိုနှိပ်လိုက်ပါ။
Name/Type/Data တို.အောက်ကျန်ခဲ့ပါက Name အောက်ရှိ ab ပေါ်တွင် Right
ကလစ်နှိပ်၊Delete ကိုနှိပ်ပေးပါ။

Thursday, May 13, 2010

ဒီဇင်ဘာတမ်းချင်း

နှင်းတွေဝေနေတဲ့
ဆောင်းရာသီ၊တစ်မနက်ခင်းမှာ
အမှတ်မထင်၊ကောက်ရခဲ့ဖူးတဲ့
နှလုံးသားတစ်ခု။

သူငယ်ချင်းဆိုတဲ့၊စည်းကခြားထားတော့
အချစ်စိတ်တွေကို၊မျိုသိပ်ပြီး
မျှော်လင့်ချက်ဖြင့်သာ
ရွှက်လွှင့်ခဲ့ရသူပါ....

ဒင်္ဂါးတစ်ပြားရဲ့၊ခေါင်းနဲ့ပန်းလို
ကျောခြင်းကပ်နီးစပ်နေပေမဲ့
မျက်နှာချင်းဆိုင်၊ဆုံတွေ့ခွင့်မှမရှိတာလေ။

မချစ်သင့်ဘူးလို့၊ဦးနှောက်ကသိခဲ့ပေမဲ့
နူးညံ့တဲ့ငါ့နှလုံးသားကို
ငါမှတားလို့မရခဲ့တာ။

ဂုဏ်ပကာသနတွေကို
မက်မောတဲ့လူတစ်စုကြောင့်
ငါတို့နှစ်ယောက်၊မဆုံဖြစ်ခဲ့ပေမဲ့
ငါ့ရဲ့မသိစိတ်က၊အချစ်ဆိုသောအရာကို
မျှော်လင့်နေရဆဲပါ။

ဒီဇင်ဘာရဲ့ဆောင်းနံနက်ခင်းတွေကိုရောက်တိုင်း
အတိတ်ရဲ့ဝေဒနာတွေဟာ၊ရင်ထဲမှာ
ပဲ့တင်ထပ်နေဆဲပါ။

ဒီဇင်ဘာရဲ့ဆောင်းနံနက်ခင်းတွေကိုဖိတ်ခေါ်ပြီး
ဝိုင်တစ်ခွက်ဖြင့်၊တရှိုက်မက်မက်
တမ်းတပါရစေ........................ခေတ္တ...မလေးရောက်အမှတ်တရ

ကိုယ်တကယ်ချစ်တဲ့ လူနဲ့ဆုံတဲ့အခါ

*ကိုယ်တကယ်ချစ်တဲ့ လူနဲ့ဆုံတဲ့အခါ သူနဲ့တစ်သက်သာ လက်တွဲနိုင်ဖို့ ကြိုးစားပါ။
သူမရှိတော့ရင် အရာအားလုံးက နှောင်းသွားလိမ့်မယ်။

ကိုယ်ယုံကြည်ရတဲ့ သူငယ်ချင်းနဲ့ ဆုံတဲ့အခါ သင့်မြတ်အောင် နေထိုင်နိုင်ဖို့
ကြိုးစားပါ။
ဘ၀တစ်လျှောက်မှာ ကိုယ်နဲ့သဘောထားချင်း တိုက်ဆိုင်သူနဲ့ ဆုံဖို့ဆိုတာ
မလွယ်လှဘူး။

ကိုယ့်ဘ၀ကို ကူညီတဲ့လူနဲ့ ဆုံတဲ့အခါ သူ့ကျေးဇူးကို မှတ်ထားပါ။
သူဟာ ကိုယ့်ဘ၀ကို လှည့်ပြောင်းပေးခဲ့သူ ဖြစ်လို့ပါပဲ။

ကိုယ်ချစ်ခဲ့ဖူးတဲ့လူနဲ့ ဆုံတဲ့အခါ ပြုံးပြပြီး ကျေးဇူးတင်ကြောင်းပြောပါ။
သူ့ကြောင့် အချစ်ကို ပိုနားလည်စေခဲ့လို့ပါပဲ။

* *ကိုယ်မုန်းခဲ့ဖူးတဲ့လူနဲ့ ဆုံတဲ့အခါ ပြုံးပြပြီး နှုတ်ဆက်လိုက်ပါ။
သူ့ကြောင့် ကိုယ်ပိုကြံ့ခိုင်ခဲ့လို့ပါပဲ။

ကိုယ်နဲ့အတူနေနေတဲ့၊ ကိုယ့်ကို အဖော်ပြုနေသူကို လုံးဝကျေးဇူးတင်ပါ။
သူ့ကြောင့် ပျော်ရွှင်ကြည်နှုးမှုနဲ့ ချစ်ခြင်းမေတ္တာတွေကို ကိုယ်ရနေလို့ပါပဲ။

ကိုယ့်ကို သစ္စာဖောက်သွားသူနဲ့ ဆုံတဲ့အခါ ခေါ်ပြောနှုတ်ဆက်ပါ။
သူ့ကြောင့် လောကကြီးအကြောင်းကို ကိုယ်နားလည်ခဲ့လို့ပါပဲ။

ကိုယ်တိတ်တခိုးချစ်ခဲ့ဖူးသူနဲ့ ဆုံတဲ့အခါ သူပျော်ရွှင်ဖို့ တောင်းဆုပြုပါ။
သူ့ကို ကိုယ်ချစ်ခဲ့စဉ်က သူပျော်နေတာကိုပဲ ကိုယ်မြင်ချင်ခဲ့လို့ပါ။

ကိုယ့်ကို ထားခဲ့တဲ့လူနဲ့ ဆုံတဲ့အခါ ကျေးဇူးတင်ကြောင်းပြောပါ။
ကိုယ့်ဘ၀မှာ အမှတ်တရ အတိတ်ခြေရာလေးတွေ ထင်ကျန်အောင် သူ နင်းလျှောက်ခဲ့လို့ပါပဲ။

အလွန်ရုပ်ဆိုးသူနဲ့တွေ့ရင်နှုတ်ဆက်လိုက်ပါ။
ကိုယ့်ကြောင့်အားရှိလာပြီးသူပျော်ရွှင်လာရင်ကိုဟာလူတွေအတွက်အသုံးဝင်နေလိုပါ။

တစ်ခါပဲဖြစ်ခွင့်ရတဲ့ ဘ၀မှာ လုပ်ခွင့်ရတဲ့ အခွင့်အရေးဟာလဲ တစ်ခါပဲရှိတယ်။ *

Thursday, May 6, 2010

ကျောင်းသားအတ္ထုပ္ပတ္တိ


.Admin Options.Edit PostAdd Tags Cancel
Delete Post Edit Blog Posts..(၁)
မင်းရဲ့ရုပ်အလောင်းဟာ
ခြင်္သေ့ဂူထဲမှာ ရှိလိမ့်မယ်။
အမှောင်စုန်းစုန်းမှာ
အရာအားလုံး မေ့ဖျောက်ပစ်
နောက်တခေတ် မင်းအောင်မြင်စေကွယ်။
အက်ကွဲနေသောလက်များနဲ့
ဘုရားသခင်ထံ ငါတို့ဆုတောင်း
မင်း……..ကောင်းရာသုဂတိလားပါစေ……..လို့
ငါတို့ရဲ့သွေးတစက်ကို
ထက်ဝက်ခွဲ
မင်းခံတွင်းထဲ
တဲတဲလေးလျှောချကြည့်ရင်
နှုတ်ခမ်းသေများက
ဖွဖွတိုးတိုးလေး လှုပ်ရှားအော်မြည်
ဒီ… မို… က… ရေ… စီ….
ဒီမိုကရေစီ…..လို့ ဆိုလိမ့်မယ်။

ညီလေးရယ်……………….
ရနိုင်မယ်ဆိုရင်
မင်းရဲ့အရိုးတမှုန်ကို
နိဗ္ဗာန်ဘုံအထိယူပြီး
ဘုရားသခင်ကို ပြကြည့်ချင်တယ်။
မင်းဟာ သူရဲကောင်းလေးဖြစ်တယ်။
မင်းဟာ အာဇာနည်လေးဖြစ်တယ်။
မင်းဟာ……..
ဗမာကျောင်းသားလေး… ဖြစ်တယ်လေ။

(၂)
ရေငတ်သလို ငတ်ခဲ့ရတဲ့
ဗမာပြည်က “လူ့အခွင့်အရေး” ဟာ
အကျဉ်းထောင်ထဲမှာ…..
သင်္ချိုင်းမြေမှာ……
တရားရုံးရဲ့ ရာဇ၀တ်မှုတွေထဲမှာ………… ရှိနေတယ်။
မင်း… စွန့်ခွာခဲ့တဲ့
စာသင်ကျောင်းကလေး
မင်းသတင်းတွေ မေးနေပြီ
မင်းရဲ့ စာအုပ်ဟောင်းထဲမှာ
ဆရာမရဲ့ မှတ်ချက်….
မင်းအတွက်….
“နောက်ထပ်စာအုပ်အသစ်လဲပါ” တဲ့
စာအုပ်မလုံလောက်မှု…
ဖောင်တိန်မလုံလောက်မှု…
မုန့်စားဆင်းချိန်မှာ ကျောင်းခန်းထဲအိပ်နေမှု… စတဲ့
လူမှုကိစ္စအ၀၀
မင်းချည်းမှ မဟုတ်ခဲ့ပါဘူးကွယ်
တိုက်ပွဲမှာ
ချွန်မြစွာ တောင်းဆိုနိုင်ဖို့
ခေါင်းလောင်းအိုကြီးကိုနှုတ်ဆက်
ချီတက်လာတဲ့ အာဇာနည်လေးရေ…
ခွပ်ဒေါင်းရဲ့ တကြောင်းစာချွန်
သမိုင်းစင်ကိုထမ်း
ရာဇ၀င်ကြမ်းခက် သွေးစက်ရွှဲစို
ခုတော့………………..
မင်းရဲ့ ခုံနံပါတ်လေး “ငို” နေပြီ။

(၃)
ရွှေဘုန်းရောင်လက်ဝင်းတဲ့
နှင်းပြာပြာ မနက်ဦးများမှာ
ဒိုကမ္ဘာကို ပြန်လာဦးမှာလား…ဟင်…
“ အမျိုး၊ ဘာသာ၊ သာသနာ အတွက်
သားနှုတ်ဆက်ခဲ့ပါတယ်” တဲ့
မင်းထားခဲ့တဲ့ စာတိုကလေး
မင်းတို့အိမ်ကို ပေးလိုက်ပြီ
ယိုင်နဲ့ကျဉ်းမြောင်းနေတဲ့
မင်းတို့ရဲ့ အိမ်ကလေးထဲမှာ
မင်းရဲ့ဖေဖေဟာ
လက်သီးကို ကျစ်ကျစ်ပါအောင်
ဆုတ်ထားတယ်…
မင်းရဲ့မေမေဟာ
အခန်ထောင့်မှာ
ငြိမ်သက်စွာထိုင်ပြီး
မျက်ရည်စီးကြောင်းတခုကို အဖော်ပြု
(ရင်ထဲမှာတော့)
သား ပြန် (လု) နေရှာတော့မယ်။

“ကောင်မွန်စွာ
သင်္ဂြိုလ်ပြီးစီးပါကြောင်း” …. တဲ့
အလောင်းကိုမှ
မမြင်ရ မတွေ့ရ
ဘယ်နေရာမှာ ကျဆုံးခဲ့သလဲ ညီလေးရယ်
ဒေါင်းရုပ်ကလေးလိုပဲ
မင်းရဲ့အထ္တုပ္ပတ္တိဟာ
အတောင်ပံပါတယ်
နွယ်လိုပတ်ချည် ခိုင်ကျည်နစ်စူး
ရောက်လေရာ ဘ၀အဆက်ဆက်မှာ
မင်း…. မော်ဖူးရခြင်းများစွာနဲ့
ကင်းဝေးပါလိမ့်မယ်…။

(၄)
အိမ်ထရံမှာ
တခါခါ မင်းမျက်ရည်သုတ်တဲ့
စုတ်ချာချာ လွယ်အိတ်ကလေး
ခေတ်ဘေး ခေတ်ဒဏ်သင့်နေရှာတယ်…
“ခေတ်လွတ်လပ်မ
ကျောင်းသားလွတ်လပ်မယ်”
အရွယ်နဲ့ မလိုက်အောင်တွေး
“ကျောင်းသားအရေး” ဆိုတာ
မင်းမှာ မရှိခဲ့ပါဘူး
“ဘုရားခေတ်မှာဆို
ရဟန္တာဖြစ်တဲ့ထိ လိမ္မာမယ်”
ဒါပေမယ့်………………………
“အမှောင်ခေတ်မှာတော့
အာဏာရှင်ကို ဖီဆန်တယ်”
ညီလေးရယ် မင်းသိပ်မှန်တယ်…………။

ခံယူချက်ကို
အမြောက်ဆံလို ပစ်ဖောက်
အဝေးဆုံး အမြင့်ဆုံး
ဘ၀တဆုံး မင်းရောက်ခဲ့တယ်
စစ်မောင်းသံကြားရင်
ခွာတရှပ်ရှပ် ဖြစ်ချင်တဲ့
စစ်မြင်းကလေးလို
မင်းဟာ…………..
ရာဇ၀င်ကို ထိုးခွဲ
တိုက်ပွဲကို ဒုန်းဖောက
မီးတောက်ဆူးခြစ်
ခေတ်သစ်ပူဇော
တော်လှန်တဲ့ညီလေးရေ…
ခွပ်ဒေါင်းအပေါင်းရဲ့
ကောင်းချီးသြဘာသံတွေ
မင်း… ရောက်ရာအရပ်က ကြားပါစေ….

(၅)
ညီလေးရေ
ရာဇ၀င်ရေးရာ
စာအုပ်ပိတ်
တော်လှန်ရေးမှာ “အိပ်“ တော့နော်
မင်း စိတ်ချသွားပါ
အရာအားလုံးကို မေ့ဖျောက်
သွေးနဲ့တည်ဆောက်တဲ့ အုတ်ဂူတလုံး
တလောကလုံး လင်းစေသားကွယ်
တိမ်သားရိုးရီ
ဒီမိုကရေစီ တောင်တက်လမ်းက
ခပ်ကြမ်းကြမ်း ကျောက်လေးတွေအဖြစ်
စွဲနစ်ကျန်တင်လို့
ငါတို့ အောင်မြင်မှာပါ………….
ဗမာပြည်အတွက် လိုအပ်တဲ့
“လူအခွင့်အရေးနဲ့ ဒီမိုကရေစီ”
အရှေ့ဖက်အရပ်မှာ
ခြင်္သေ့တွေ ချီလာပြီ…
စစ်မြင်းတွေ ပြိုင်လာပြီ…
ခွပ်ဒေါင်းတွေ ပျံလာနေပြီလေ…..
ညီလေးရေ
ငြိမ်းချမ်းစွာ….
အေးမြစွာ….
သန့်ရှင်းစွာ…..
နောင်ဘ၀မှာ မြင်ယောင်ကြည့်စမ်းကွယ်
ဘာပဲဖြစ်ဖြစ်
ယမ်းငွေ့တလူလူ ကြားထဲမှာ
မင်းချစ်တဲ့ ဗမာပြည်ကြီးဟာ
ဒေါင်းအလံကို ပန်းလိုပန်လို့… လှလို့…
သြော်…………………..
ဒေါင်းအလံကို ပန်းလိုပန်လို့…………
လှလို့ပါပဲ…………………ညီလေးရယ်…။။

Tuesday, May 4, 2010

.ကွန်ပျူတာထိုးရပ်သွားစေနိုင်တဲ့အကြောင်းရင်းများ.........

overheating

ကွန်ပျူတာထိုးရပ်သွားစေနိုင်တဲ့အကြောင်းရင်းများအနက်အန္တရာယ်အကြီးဆုံး
ပြဿနာက အပူလွန်ကဲခြင်းပါပဲ။ Software ကိုသာမက Hardwareကိုပါ
ပျက်စီးစေနိုင်တဲ့အတွက်ကွန်ပျူတာအတွင်းအပူလွန်ကဲခြင်းမဖြစ်အောင်အမြဲသတိပြုသင့်ပါတယ်။
ကွန်ပျူတာအတွင်းမှာအလုပ်အများဆုံးလုပ်ဆောင်ရပြီး အပူအများဆုံးထွက်တာ CPU များဖြစ်ပါတယ်။
ဒါကြောင့် CPU များမှာ အပူမလွန်ကဲအောင် အအေးခံအတောင်များနဲ့ ပန်ကာများတပ်ဆင်ထားပေးရပါတယ်။
တကယ်လို့ CPU ပန်ကာမလည်တော့ပဲရပ်သွားမယ်ဆိုရင် CPUမှာ အပူလွန်ကဲလာပြီး
Kernel error တက်လာပါလိမ့်မယ်။ ဒီလိုဆိုရင်ကွန်ပျူတာအတွင်းရှိ ပန်ကန်များနဲ့အအေးခံစနစ်ကောင်းစွာအလုပ်လုပ်ခြင်းရှိမရှိကို
ချက်ချင်းခြင်းစစ်ဆေးသင့်ပါတယ်။

Chipsetများကို ပုံမှန်လုပ်နိုင်တဲ့ စွမ်းဆောင်ရည်ထက် ပိုခိုင်းပြီး Overclockingလုပ်တဲ့အခါမှာလည်း အပူလွန်ကဲလာတတ်ပါတယ်။ ဒါကြောင့် ကွန်ပျူတာပုံးမှာပြည့်စုံလုံလောက်တဲ့
အအေးခံစနစ်မရှိပဲ Overclocking မလုပ်သင့်ပါဘူး။Overclocking လုပ်လိုက်လို့ မီးခိုးထွက်လာတဲ့အထိအပူလွန်ကဲတာကိုကြုံဖူးပါတယ်CPUကြောင့်ဖြစ်တဲ့ပြဿနာကို
BIOS setting မှာ CPU internal cache ကို Disableလုပ်ထားခြင်းဖြင့်လည်း
ဖြေရှင်းနိုင်ပါတယ်။ ဒီလိုလုပ်ခြင်းဟာ ကွန်ပျူတာကိုပိုနှေးသွားစေနိုင်ပေမယ့်
တည်ငြိမ်မှုပိုရစေနိုင်ပါတယ်။

hard disk drives

ကွန်ပျူတာကို Crash ဖြစ်စေတဲ့နောက်ထပ်အကြောင်းရင်းတစ်ခုကHard disk
ကိုအသုံးပြုတာကြာလာတဲ့အခါမှာ Hard disk ပေါ်မှာ ဖိုင်တွေနေရာချထားတာရှုပ်ထွေးလာပြီး
မနိုင်ဝန်ပိကာ ကွန်ပျူတာထိုးရပ်သွားစေတာပါပဲ။Hard disk fragmented ဖြစ်တယ်ပေါ့ဗျာ။
ဒီလိုဆိုရင်တော့ ဖြေရှင်းဖို့ရာ နည်းလမ်းများစွာ ရှိပါတယ်။အရိုးရှင်းဆုံးနည်းလမ်းကတော
့Start>Programs>Accessories>System Tools>Disk Defragmenter
ကနေDisk Defragmenter ကိုဖွင့်ပြီး ဖိုင်တွေကိုအစီစဉ်တကျပြန်စီခြင်းပါပဲ
Defragment လုပ်နေစဉ်အတွင်းမှာ Hard disk ပေါ်မှာ ဖိုင်တွေထပ်ရေးခြင်းမလုပ်သင့်ပါဘူးဒါကြောင့်
ကျနော်တို့အနေနဲ့ ကွန်ပျူတာကို ဘာမှမသုံးတဲ့အချိန်မှာပဲDefragment လုပ်သင့်ပါတယ်။
နောက်ထပ်သတိထားသင့်တာ တစ်ခုက Antivirus program ကိုလည်း ပိတ်ထားပေးသင့်ပါတယ်။
Hard disk မှာ ထည့်ထားတာ အရမ်းပြည့်လာတဲ့အခါမှာလည်းအလုပ်လုပ်တာနှေးလာပြီး
system ကို crash ဖြစ်စေနိုင်တာပါပဲ။ဒါကြောင့် မလိုအပ်တော့တဲ့ဖိုင်တွေကို အပါတ်စဉ်
ဒါမှမဟုတ် လစဉ် ရှင်းထုတ်ပြီးHard disk မှာ နေရာလွတ်ရှိအောင်ဖန်တီးထားသင့်ပါတယ်။

Temporary files တွေကိုပုံမှန်ရှင်းထားပေးရင်ကို နေရာလွတ်တော်တော်
များများရနိုင်မှာပါ။start>run>%temp% ဆိုရင် Temporary folder
ထဲရောက်သွားပါလိမ့်မယ်။ဖျက်သင့်တယ်ထင်တာ ဖျက်ပစ်ပေါ့ဗျာ။အများစုက…
software တစ်ခုတင်တဲ့အချိန်၊ အသုံးပြုတဲ့အချိန်မှာ ဖန်တီးထားတဲ့ဖိုင်တွေပါအတော်
များများဖျက်လို့ရပါတယ်။Recycle Bin ကိုလည်းရှင်းဖို့မမေ့ပါနဲ့ဦး။အမှိုက်ပုံးသွန်ရတာ
အလုပ်ရှုပ်လွန်းလို့ ကျွန်တော်ဆို…ဘယ်တော့မှအမှိုက်ပုံးထဲကိုမပို့ဘူး……Shift+delete
နဲ့အပြီးရှင်းထုတ်လိုက်တာပဲ။

ဒါပေမယ့်မဖျက်ခင် အသေအချာစဉ်းစားဖို့တော့လိုတယ်လေ၊ နောင်တမရကြေးပေါ့ဗျာ
Hard disk နဲ့ပါတ်သတ်တဲ့ နောက်တစ်ခုက Hard disk မှာ errors တွေ၊
bad sectors တွေရှိမရှိအနည်းဆုံး တစ်လတစ်ခါလောက်တော့ scan လုပ်ပေးသင့်ပါတယ်။

Start>All programs>Accessories>System tools>Scan Disk ကိုသွားပြီး
လုပ်လို့ရပါတယ်။တခါတရံမှာ အဲဒီ Start Menu ထဲမှာ Scan Disk မပါဘဲ ဖြစ်နေတတ်ပါတယ်။
ဒီလိုဖြစ်နေပြီဆိုရင်တော့ Start>Run မှာ chkdsk လို့ရိုက်ပေးလိုက်ပါ။MS-DOS ကနေ Scan လုပ်ပေးပါလိမ့်မယ်။ဒီလိုမှမလုပ်ချင်ဘူးဆိုရင်လည်း ကိုယ်စစ်ချင်တဲ့ Hard disk ရဲ့ Properties
ကိုခေါ်ပြီး Tools tab အောက်မှာ Error-checking ဆိုတဲ့ ခေါင်းစဉ်အောက်က Check Now
နဲ့စစ်လည်းဖြစ်ပါတယ်။

memory

memory ပါ သူ့  ပြဿနာကလည်း Blue death screen တက်လာပြီး
Fatal Exception Error ဖြစ်စေနိုင်တဲ့အကြောင်းရင်းတစ်ခုပါပဲ။ ဒီmemoryကြောင့်ဖြစ်တဲ့ ပြဿနာကလည်း အတော်များများကြုံတွေ့ရလေ့ရှိပါတယ်။

fatal error ဆိုတာက Hardware နဲ့ပါတ်သတ်ပြီး ပြဿနာကြီးကြီးမားမားတစ်ခုရှိနေပြီဆိုတာကိုညွှန်ပြခြင်းပါပဲ။

တစ်ခါတလေမှာ….လုံးဝသုံးမရတော့ဘဲ အသစ်တစ်ခုအစားထိုးရတော့မယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။

ဒါပေမယ့် memory ကြောင့်ဖြစ်တဲ့ Fatal error ဆိုရင်တော့ chips အချင်းချင်း တွဲဖက်မညီတဲ့အခါမျိုးမှာလည်းဖြစ်တတ်ပါတယ်။ဥပမာ - 70ns Ram နဲ့ 60ns Ram နှစ်ချောင်းကိုတွဲစိုက်ထားမယ်ဆိုရင်ပိုနှေးတဲ့ 60ns နဲ့ပဲ ကွန်ပျူတာက အလုပ်လုပ်မှာပါပဲ။အဲဒါကိုမှmemory
ကို overworked ဖြစ်စေတဲ့ Program မျိုးကိုဖွင့်လိုက်တဲ့အခါမှာ၊Memory များများသုံးတဲ့ software တွေကိုသုံးလိုက်တဲ့အခါမျိုးမှာကွန်ပျူတာက….Crash ဖြစ်သွားတော့တာပါပဲ။သူမှာက 70ns Ram လည်းရှိနေတော့ အဲဒီအမြန်နှုန်းနဲ့သုံးဖို့ကြိုးစားပါလေရော။ဒါပေမယ့် 60ns Ram ကမလိုက်နိုင်တဲ့အခါ…ထိုးရပ်သွားတော့တာပေါ့။

ကဲ……ဒီပြဿနာကို
ဖြေရှင်းကြည့်ရအောင်။ပထမနည်းလမ်းကတော့ BIOS setting မှာ Ram ရဲ့ Wait state ကိုတိုးပေးထားလို့ရပါတယ်။ဒီလိုလုပ်ခြင်းအားဖြင့် memory
ကိုပိုတည်ငြိမ်စေပါတယ်။နောက်ထပ်နည်းလမ်းတစ်ခုကတော့……..Motherboard ပေါ်က memory တွေကို နေရာပြောင်းကြည့်ခြင်းပါပဲ။

memoryကိုဖြုတ်တဲ့နေရာမှာ တစ်ခုသတိထားရမှာက၊ ကြေးပြားခြေထောက်အချောင်းလေးတွေကို
မထိမိစေဖို့ပါပဲ။လူမှာရှိတဲ့ Static charge ကြောင့် memory ကိုပျက်စီးစေနိုင်လို့ပါ။အကောင်းဆုံးကတော့……
..မတူညီတဲ့ အမြန်နှုန်းနဲ့ Ram နှစ်ခုပြိုင်တူထည့်မထားဖို့ပါပဲ။

software

ကွန်ပျူတာထိုးရပ်သွားစေနိုင်တဲ့အကြောင်းရင်းများအနက်ပြသနာတစ်ခုက
ကွန်ပျူတာမှာအသုံးပြုမယ့် ဆော့ဖ်ဝဲများကို စနစ်တကျတင်မထားခဲ့ရင်လည်း
ကွန်ပျူတာအသုံးပြုနေစဉ် ထိုးရပ်သွားစေနိုင်ပါတယ်။ ဆော့ဖ်ဝဲကို ဖြုတ်ချပြီးမှ
စနစ်တကျပြန်တင်ပေးခြင်း ဖြင့် ဒီပြဿနာကိုဖြေရှင်းနိုင်ပါတယ်။ ရံဖန်ရံခါမှာဆော့ဖ်ဝဲကို
ဖြုတ်ချလို့မရဘူးဖြစ်နေတတ်ပါတယ်။ ဒီလိုဆိုရင်တော့ NortonUninstall ဒါမှမဟုတ်
Uninstall Shield ကိုအသုံးပြုလိုက်ရင်ဖြုတ်ချလို့ရနိုင်ပါတယ်။ ဒီဆော့ဖ်ဝဲများဟာ
သမားရိုးကျဖြုတ်ချတာ ထက် SystemRegistry မှာ ဖြုတ်ချလိုက်တဲ့
ဆော့ဖ်ဝဲနဲ့ပါတ်သတ်တာများကိုပါ ရှင်းပေးတဲ့အတွက် Clean Uninstall
လုပ်ပေးနိုင်တဲ့ စွမ်းဆောင်ရည်ရှိပါတယ်။Registry ကိုပါရှင်းပေးထားပါမှ
ဆော့ဖ်ဝဲကိုအသစ်တဖန်ပြန်တင်တဲ့အခါရှင်းရှင်းလင်းလင်းတင် ပေးနိုင်မှာပါ။
Registry မှာတန်ဖိုးအဟောင်းများကျန်ခဲ့ရင်
အသစ်တင်လိုက်တဲ့အခါမှာထပ်ရေးတဲ့တန်ဖိုးများနဲ့ ရောထွေးပြီး
ဆော့ဖ်ဝဲဟာပုံမှန်မဟုတ်ပဲဖြစ်နေတတ်ပါတယ်။Registry ကိုရှင်းပေးတဲ့အခြား
ဆော့ဖ်ဝဲများလည်းရှိပါတယ်။
Registry Mechanics, System Mechanics, One click ,maintenance
, Registry cleaner စသည်ဖြင့် အများကြီးရှိပါတယ်။Registryကိုရှင်းမယ်ဆိုရင် သတိထားဖို့တော့လိုပါတယ်။ တကယ်လို့ Registry မှာလိုအပ်တာတွေ ပျက်သွားရင် OS တစ်ခုလုံးကိုပြန်တင်ရတဲ့အထိဖြစ်သွားနိုင်ပါတယ်။

Thursday, April 29, 2010

မကွေးမြို့အကြောင်းသိကောင်းစရာ


မကွေးမြို့
မကွေးတိုင်း၏ မြို့တော်ဖြစ်သော မကွေးမြို့သည် ဧရာဝတီမြစ်၏
အရှေ့ဘက်ကမ်းတွင်ရှိပြီး သဘောင်္ဆိပ်မြို့ လည်းဖြစ်သည်။
မြစ်ကြောင်းအတိုင်းဆိုလျင် ရန်ကုန်မြို့မှ ၃၇၈ မိုင်ဝေးပြီး၊ မန္တလေး
မြို့မှ ၂၁၉ မိုင်ဝေးသည်။ ရန်ကုန်၊ ပြည် ၊မန္တလေးကားလမ်းသည်
မကွေးမြို့ကိုဖြတ်သန်းသွားသည်။ ကုန်းလမ်းအားဖြင့် အောင်လံမြို့နှင့် ၁၀၈
မိုင်ကွာဝေးပြီး၊ ရေနံချောင်းမြို့နှင့် ၃၂ မိုင်ကွာဝေးသည်။
လေကြောင်းလမ်းအဆက်အသွယ်လည်း ရှိသ ဖြင့် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်သော
မြို့ဖြစ်သည်။ ဧရာဝတီမြစ်တဘက်ကမ်း တွင် မင်းဘူးမြို့ တည်ရှိပြီး၊
ကျောက်ပန်းတောင်း-ပျဉ်းမနား မီးရထားလမ်းပေါ်ရှိ နတ်မောက်မြို့နှင့်
တောင်တွင်းကြီးမြို့ များနှင့် မော်တော်ကားလမ်း ဆက်သွယ်ထားသည်။
အရောင်းအ၀ယ်စည်ကားသော မြို့ဖြစ်ပြီး အဓိကထွက်ကုန်များမှာ
နှမ်း၊မြေပဲ၊ကြက်သွန်နီ အစရှိသော စိုက်ပျိုးရေးထွက်ကုန်များ ဖြစ်ကြသည်။
ထင်ရှားသော နေရာများမှာ-
• မကွေးကောလိပ်
• မကွေး ဆေးတက္ကသိုလ်
• မကွေးမြို့ ကျက်သရေဆောင် မြသလွန် ဘုရား
သမိုင်းကြောင်း
မကွေးမြို့ကို အေဒီ ၁၁၅၈ ကစတင်တည်ထောင်ခဲ့သည်ဟု ဆိုကြသော်လည်း
ထင်ရှားခြင်းမရှိခဲ့ပေ။ မြန်မာမင်းများအဆက်ဆက် တွင် မြို့ဝန်၊မြို့သူကြီး၊
မြို့စားများ ဖြင့်သာ အုပ်ချုပ်ခဲ့သည်။ မြန်မာသက္ကရာဇ် ၁၂၂၈ ခုနှစ်(အေဒီ
၁၈၆၆) တွင် မကွေးမြို့သူကြီး ဦးကြိတ်ကြီးသည် မြင်ကွန်း မြင်းခုန်တိုင်
အရေးအခင်းတွင် ပူးပေါင်းပါဝင် လှုပ်ရှားခဲ့သော်လည်း အောင်မြင်မူ့မရခဲ့ယုံမက
ကွပ်မျက်ခြင်းခံခဲ့ရသည်။.

Sunday, April 4, 2010

အရိ့်ပ်

အရိပ်

ငါ၏ဘဝ
ငါ့ဋ္ဌာနမှာ၊
ခေတ္တခိုလုံ
ပြုဖူးရုံဖြင့်
နှစ်သိမ့်မပြေ
ရှိကြလေသလော။

အရိပ်နေနေ
အခက်ချိုးချိုး
ပန်းတွေလည်းကြွေ
ဖူးတံခြွေခဲ့။

သို့ပေမယ့်လည်း
ရင်၌တည်ဖွား
ချစ်သားကဲ့သို့
အပြုံးမျက်နှာ၊

ပေးအပ်ကာဖြင့်
ခွင့်လွတ်၍သာ
ချစ်ခဲ့ပေ၏။

သစ်တစ်ပင်ကောင်းရင်
ငှက်တစ်သောင်းနားနိုင်ပေမဲ့
ငှက်တစ်သောင်းမကောင်းရင်
သစ်ပင်ဆိုတာပျက်ရစမြဲပါ....

Sunday, February 21, 2010

Pop In ChatPop Out ChatChat (0)Chat
Friend Lists
Options

0
0 0
0
0Friend Requests · Find Your Friends
No new requests.
See All Friend Requests
0 requests0Messages · Send a New Message
No new messages.
See All Messages 0 unread0Notifications

See All NotificationsSearchHomeProfileFind FriendsAccountSandarsandar SandarEdit FriendsAccount SettingsPrivacy SettingsApplication SettingsCredits BalanceHelp CenterLogout


Suggest to Friends
U Thant was a Burmese diplomat and the third secretary-general of the United Nations, from 1961 to 1971.
Fans6 of 4,186 fansSee Allမန်းလေးသူ khin suwaiAung BheemNyan Htun LinnTun Ko NaingNyi Nyi Khine LwinMyo Aung
Favorite Pages2 PagesSee AllBogyoke (General) Aung SanShwe Web Hosting for Shwe MyanmarPhotos1 albumSee AllU Thant
Updated about 3 months ago
4 of 17 fan photosSee All





Links3 of 10 linksSee AllU Thant - Missle Bases. Castro Balks at the UN Team 1962
3:10pm Jan 274Jan2010 လွပ်လပ်ရေးနေ့
1:05am Jan 94Jan2010 လွပ်လပ်ရေးနေ့
1:05am Jan 9
Create a Page
Report Page
ShareU ThantBecome a Fan
Wall
Info
Photos
Notes
U Thant + FansJust U ThantJust Fans
U Thant Governments, systems, ideologies come and go, but it is humanity which remains. (U Thant)November 28, 2009 at 1:22am · View Feedback (73)Hide Feedback (73)55 people like this.
စစ် မုန်း ပုန်ကန်
http://www.facebook.com/album.php?aid=7422&id=1739248331&l=c1361df560
http://www.facebook.com/album.php?aid=8600&id=1739248331&l=faef0d5f15
http://www.facebook.com/album.php?aid=8600&id=1739248331&l=faef0d5f15
http://www.facebook.com/album.php?aid=6014&id=1739248331&l=a24e358014
January 6 at 9:21pm · ReportWin Min Oo တက္ကသိုလ်စိန်တင် ရေးတဲ့ ကမ္ဘာ့ ငြိမ်းချမ်းရေး ဗိသုကာ ဦးသန့် အကြောင်းဖတ်ချင်ရင်.....
http://www.scribd.com/doc/9967958/-
February 10 at 12:02pm · ReportU Thant Wars begin in the minds of men, and in those minds, love and compassion would have built the defenses of peace. (U Thant)November 27, 2009 at 9:22am · View Feedback (59)Hide Feedback (59)45 people like this.
Yu Mon He's an image of Burma
January 29 at 3:07pm · ReportKyaw Moe Naing great !
Yesterday at 9:48pm · ReportU Thant The war we have to wage today has only one goal and that is to make the world safe for diversity. (U Thant)November 22, 2009 at 1:19am · View Feedback (24)Hide Feedback (24)22 people like this.
Chris Teh ONE WORLD totally support!
December 20, 2009 at 3:17pm · ReportSai Soe Win Latt Unfortunately, the wars waged in Vietnam, Iraq and Afghanistan (and different parts of Latin America, Asia, Africa) have only one goal and they are to make the world subordinated to a handful of elites and cronies led by Washington, London, Wall Street, and the city... I wish U Thant was alive. Let's keep his spirit for global peace..
February 7 at 10:57am · ReportU Thant U Thant
November 22, 2009 at 1:17am · View Feedback (30)Hide Feedback (30) · Share23 people like this.
Moe Thant Tin Plus.. hero and peacemaker of the world during his lead of UN.
February 9 at 11:22am · ReportLin Lin Oo Sure....He made us proud..as a Burmese....

February 13 at 1:55pm · ReportU Thant Every human being, of whatever origin, of whatever station, deserves respect. We must each respect others even as we respect ourselves. (U Thant)November 20, 2009 at 12:05am · View Feedback (25)Hide Feedback (25)24 people like this.
Mar Mar Soe I like this statement.
January 26 at 12:00pm · ReportU Thant ဦးသန့်အားဂုဏ်ြပုသည့် ဓါတ်ပုံပြပွဲ ပြုလုပ်ကျင်းပ
ပြီးခဲ့တဲ့ တစ်ပတ်လောက်က ကမ္ဘာ့ငြိမ်းချမ်းရေး ဗိသုကာ အပိုင်းတစ် နဲ့ နှစ် ကို ရေးခဲ့ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ဘဲ ပြီးခဲ့တဲ့ ၂၀၀၉ ခုနစ်၊ အောက်တိုဘာ ၂၇ ရက်နေ့က ကုလသမဂ္ဂသီတင်းဌာနက ကမ္ဘာ့ကုလ သမဂ္ဂ အထွေထွေအတွင်းမှုးချ...
November 19, 2009 at 11:44pm · View Feedback (24)Hide Feedback (24) · Share14 people like this.
KhineMar Aung This is MYANMAR !!!
February 8 at 3:32pm · ReportKhin Sandar Than he is our unique, hero and greatest person, i am very proud of him ...
February 12 at 1:22pm · ReportU Thant U Thant
12 new photos
November 19, 2009 at 11:13pm · View Feedback (30)Hide Feedback (30) · Share23 people like this.
Moe Thant Tin Plus.. hero and peacemaker of the world during his lead of UN.
February 9 at 11:22am · ReportLin Lin Oo Sure....He made us proud..as a Burmese....

February 13 at 1:55pm · Report
RECENT ACTIVITY
U Thant changed their Personal Information.
U Thant has no more posts.

Older Posts
Facebook © 2010English (US)
AboutAdvertisingDevelopersCareersTerms • Find FriendsPrivacyMobileHelp Center

Monday, January 11, 2010

အက္ခရာအက်သံ

အက္ခရာအက်သံ

အစိမ်းချုပ်ထားတဲ့ရင်ဘတ်ကြီးနဲ့

ကုတင်ပေါ်မှာပက်လက်မျှောခဲ့ရတဲ့ညတွေသူသိပါစေတော့...

အမှည့်လွန်နှစ်ချို့နေတဲ့သစ်သီးတစ်လုံးကို

စားသုံးဖို့အားယူနေတာလည်းသူသိပါစေတော့.....
ခဏခဏမိုးပြိုကျသလိုကြားခဲ့ရတဲ့နားတစ်စုံကိုလည်း..
.သူသိပါစေတော့
စိတ်ကူးယဉ်ကျွန်းတစ်ဖက်ကို..လက်ပစ်ကူးဖို့
ကြိုးစားခဲ့တာလည်းသူသိပါစေတော့...
ဦးနောက်ထဲကဂျယ်လီရည်တွေ.ခမ်းခြောက်သွားအောင် ဖြစ်ခဲ့တာလည်း...
သူသိပါစေတော့...
နှစ်သိမ့်တေးနဲ့ယိမ်းခဲ့ရတဲ့..မနက်ဖြန်တွေလည်း...
သူသိပါစေတော့...
ဒါတောင်ယောင်လို့တောင်..အော်မိသေးတယ်
အချစ်ဆုံးရယ်တစ်သက်မမေ့ဘူးရယ်လို့....

ဦးဦးအညာမြေ..အနိုင်

ဌါနေကိုလွမ်းလို့ကျမျက်ရည်


လှမ်းဝင်ခဲ့ပါ



    • တိုင်းတစ်ပါးခြားဝေးနေညားလည်း...ဇာတိချက်ကြွေမွေးရပ်မြေကို...

    • နေ့စဉ်နဲ့အမျှသတိရလို့..ဝမ်းနည်းရင်ဖို.ငါငိုနေမိ.

    • နောင်လာမည့်အရေးမျှော်တွေးလို့..ကြိုးစားနေမိ

    • ယနေ့တိုင်မယိုင်မလဲခိုင်ခိုင်မြဲလျှက်...နယ်ချားကိုရောက်.ငါ့ဂုဏ်မောက်စေ..

    • ဝမ်းမြောက်ပေဟု..ငါ့စိတ်တွင်မှာစိုးစင်းမျှမရှိ၊၊

    • အမိမြေမှခွဲခွါလို့သာနေရပါသော်..ငါ့ရင်တွင်းမှာပျော်ဖွယ်ရာမရှိ၊

    • မိသားစုအရေးမျှော်တွေးလို့သာကြိုးစားနေမိ...

    • တိုက်ပွဲကအပြန်အောင်လံကိုဆွတ်ခူး..ရွာအဝင်ပြန်လမ်းကို..မှန်းဆမျှော်တွေးတော့...

    • ရွေအိုရောင်ပိတောက်အပင်အောက်က...ဆံဖြူလို့သွားကြွေ...နားရည်(စည်)တွေတွန့်ထိုင်း...

    • မှုံရီဝေဝါးနေတဲ့မျက်ဝန်းတစ်စုံနဲ....အမေအိုကြီးက..အောင်သပြေလက်မှာကမ်းလို့

      (လှမ်းဝင်ခဲ့ပါ)သားရယ်....



      ခေတ္တမလေးရှားရောက်အမှတ်တရ.....(ဦးဦးအညာမြေ)